Dana and Pati Dana after sharing wholesome deeds with others #ရေစက်မချဘဲ လှူတာကို
ဒါန”လို့ ခေါ်တယ်။
ရေစက်ချခြင်းကို
ပတ္တိဒါန”လို့ ခေါ်တယ်။
ရေစက်"မချဘဲ လှူလျှင်
ဒါနအကျိုး
သက်သက်မျှကိုသာ ရတယ်။
ရေစက်ချတဲ့အတွက်
ဒါန"အကျိုးမျှ မကဘူး ၊
ပတ္တိဒါန"အကျိုးကိုလည်း ရတယ်
ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာ
မိမိထံ
ကုသိုလ် ရောက်လာတာကို
ပတ္တိ”လို့ ခေါ်တယ်
ဒါန"ဆိုတာဟာ ပေးခြင်း။
ဒါကြောင့်
မိမိထံ ရောက်လာတဲ့
ကုသိုလ်ကို
သူတစ်ပါးထံ
အမျှပေးဝေခြင်းကို
ပတ္တိဒါန လို့ခေါ်တယ်။
ရှေးဦးစွာ
တစ်စုံတစ်ခုသော
ဝတ္ထုကို လှူတယ်။
ထိုသို့ လှူတဲ့အတွက်
ရောက်လာတဲ့ ဒါနစေတနာကို
ပတ္တိ”လို့ ခေါ်တာ။
မိမိထံ ရောက်လာတဲ့
ဒါန စေတနာကို
ကြားကြားသမျှ
သာဓုခေါ်တော်မူကြပါလို့
ဝေငှပေးတဲ့ စေတနာကို
ပတ္တိဒါန”လို့ ခေါ်တယ်။
ကိုယ်ရထားတဲ့ ကုသိုလ်ကို
သူတစ်ပါးတို့အား ပေးလိုက်လျှင်
ကိုယ့်အထံမှာက
ကုသိုလ် ကုန်သွားရော့လားလို့
တွေးမှားစရာ ရှိတယ်။
မီးတိုင် တစ်တိုင်
ထွန်းထားရာက
မီးတိုင် အများ
မီးလာကူးတဲ့ အတွက်
မူလမီးရဲ့ အရောင်အလင်းဟာ
လျော့မသွားသည့်အပြင် အလင်းရောင် ပိုလာသလို
မူလကုသိုလ်ရှင်မှာ
ကုသိုလ် မကုန်တဲ့အပြင်
ပတ္တိဒါန ကုသိုလ်အကျိုးကိုပင်
ထပ်ပြီးရသေးတဲ့အတွက်
ရေစက်မချဘဲ လှူလျှင်
ဒါနအကျိုး
သက်သက်မျှသာ ရတယ်။
ရေစက်ချ
အလှူပေးတဲ့အတွက်
ပတ္တိဒါန အကျိုးကိုပါ
ရတယ်လို့ မှတ်သားသင့်တယ်။
ရေစက်ချစဉ်
ခံယူရမည့် စိတ်ထားက᠌᠌᠌
ရုပ်တရား နာမ်တရားမှန်သမျှ
ဖြစ်ပြီး ပျက်တတ်တာချည်းမို့
မမြဲတဲ့ အနိစ္စဆိုတာလည်း
ရုပ်နာမ်ပဲ ။
ဆင်းရဲတတ်တဲ့
ဒုက္ခဆိုတာလည်း ရုပ်နာမ်ပဲ ။
ခိုင်မာမှုမရှိတဲ့
အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။
ဤကုသိုလ်ကြောင့်᠌᠌᠌
အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့
ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ
နိဗ္ဗာန်ကို
မျက်မှောက်ပြုရပါလို၏' လို့်
မိမိစိတ်ကို
နိဗ္ဗာန်ဆီ ညွှတ်ထားရမှာသာ
ဖြစ်တယ်။
Credit
