Kamma Picayo Vipaka Picayo: Sabai Satta Kamma Sakar အမေရိကန်တပ်ကြီးလာလိမ့်မယ်၊ အားတင်းထားဆိုပြီး မျှော်လင့်ချက်အမှားတွေပေးခဲ့တဲ့သူတွေလည်း အမေရိကန်နဲ့တစ်ခြားနိုင်ငံတွေကို ရောက်သွားကြပြီ။ ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ရုံးဝန်ထမ်းတွေကို CDM ဇွတ်အတင်းလုပ်ခိုင်းခဲ့ကြသူတွေလည်း၊ ခုတော့ ကိုယ်တိုင် အလုပ်ဝင်လုပ်နေကြပြီ။ ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ်ပြီး လမ်းထိပ်မှာ သဲအိတ်အတူပိတ်ခဲ့ကြသူတွေလည်း အမှန်တရားကို နားလည်သွားကြပြီ။ လူတိုင်းကို ဒုက္ခရောက်အောင် အတူလုပ်ခဲ့ကြတဲ့၊ အဆိုတော်တွေ၊မော်ဒယ်တွေ၊ အနုပညာရှင်တွေလည်း၊ သူတို့လုပ်ခဲ့မိတဲ့အမှားတွေကိုမြင်ပြီး ကိုယ့်ဘဝလမ်းကိုယ်ပြန်လျှောက်ကုန်ကြပြီ။ စီးပွါးရေးသမားတွေလည်း အဘတွေနားမှာ ခိုင်းချင်ရာခိုင်းပါဆိုပြီး မျက်နှာချိုလေးတွေ သွေးလို့..။ ပြည်သူတွေ လမ်းပေါ်ထွက်ဆို မထွက်ကြတော့ဘူး။ ဆိုင်တွေပိတ်ဆို မပိတ်ကြတော့ဘူး။ အလှူငွေထည့်ဆို မထည့်ကြတော့ဘူး။ ခေတ်သစ်ကတင်တဲ့ သတင်းမှားတွေကို လူတွေ ဝိုင်းမရှယ်ကြတော့ဘူး။ နိုင်ငံရဲ့အခြေအနေက သူတို့မရှိတဲ့နေရာတွေမှာ အေးချမ်းနေတာမျိုး... စတေးခံငမိုက်သားတွေဆိုတော့ တတိယနိုင်ငံလည်း မရောက်ဘူး... တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း မခေါ်ထားဘူး... အကြမ်းဖက်လုပ်ရပ်တွေ လုပ်တတ်တော့ ပြည်သူကလည်း သူတို့ကိုမြင်တာနဲ့ သတင်းပေးနေကြပြီ... သွားစရာမရှိ၊ ပြေးစရာမရှိ၊ ရွေးစရာမရှိ၊ အနာဂတ်ဆိုတာမရှိ... ဆက်မမိုက်ချင်နဲ့တော့ ပဒက်တို့... #minkha

Теги других блогов: အမေရိကန် CDM ဓာတ်ငွေ့ကာ